မြန်မာမှုမြန်မာသံဟာ မြန်မာလူမျိုးတွေအဖို့ နားလည်ရအလွယ်ကူဆုံးနဲ့ ကျက်သရေအရှိဆုံးအရာပါ။ ဒီလိုကျက်သရေရှိလှတဲ့ မြန်မာသံလေးနဲ့ သုတ၊ရသစုံလင်လှတဲ့ နိုင်ငံတကာ ဇာတ်လမ်းတွေကို MIRadio မှာ နားဆင်ခံစားနိုင်ပါပြီ။
တရုတ်နန်းတွင်းဇာတ်လမ်းတွဲတွေကို သဘောကျနှစ်သက်တဲ့သူတွေအတွက် သာမန်မင်းသမီးလေးဘဝကနေ တရုတ်နိုင်ငံရဲ့ပထမဆုံးဧကရီမယ်တော်ကြီးတစ်ပါးအထိဖြစ်လာတဲ့ မီယွဲ့ဧကရီရဲ့ဘဝဇာတ်ကြောင်းအစုံအလင်ကို “ရာဇဝင်ထဲက မီယွဲ့ဧကရီ” အသံဇာတ်လမ်းတွဲမှာ နားဆင်နိုင်ပါပြီ။