NCTLAB အတွက် single ထွက်ရှိလာတော့မယ့် NCT ရဲ့ Taeil, Kun နဲ့ Yang Yang

အဖွဲ့ဝင် ၂၃ ယောက်ပါဝင်တဲ့ NCT ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Taeil, Kun နဲ့ Yang Yang တို့က SM Station ရဲ့ သိပ်မကြာသေးခင်ကမှ launch လုပ်ထားတဲ့ NCTLAB အတွက် single တစ်ပုဒ်ထွက်ရှိသွားမှာပါ။ 
 
" Rain Day " လို့ အမည်ရတဲ့ ဒီသီချင်းလေးကိုတော့ NCT ရဲ့ sub-unit တွေထဲကမှ china-based unit ဖြစ်တဲ့ WAYV ရဲ့ leader Kun ကိုယ်တိုင် သီချင်းစာသား၊ producing နဲ့ arrangement ပိုင်းတွေမှာ ပါဝင်ထားတာမို့ NCT ရဲ့ ကိုယ်ပိုင်အရောင်အသွေးရှိတဲ့ သီချင်းတစ်ပုဒ်ဖြစ်မှာ အသေချာပါပဲ။ 
 
Vocal ပိုင်းအားကောင်းလွန်းတဲ့ NCT ရဲ့ အသက်အကြီးဆုံး member Taeil နဲ့ အတူ Kun ရဲ့ vocal ချိုချိုလေးအပြင် တမူထူးခြားတဲ့ stylish rapper Yang Yang တို့ရဲ့ အရောင်အသွေးစုံတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်လာမယ့် "Rain Day" ကတော့ July 19 ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် 3:30 မှာ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။