Album အသစ်အတွက် ပြင်ဆင်နေကြပြီဖြစ်ကြောင်း Confirm လိုက်တဲ့ WayV

Cpop ဘက်မှာရော Kpop ဘက်မှာပါ အနုပညာလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ NCT ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ WayV ဟာ အဖွဲ့ဝင်တွေအကုန်လုံးပါဝင်တဲ့ album ကို ထုတ်ဝေခဲ့တာ ၂၀၂၁ ခုနှစ်၊ မတ်လတုန်းက နောက်ဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင် Lucas ရဲ့ hiatus နဲ့အတူ အခြားအဖွဲ့ဝင်တွေကလည်း ကိုယ်စီ schedule တွေနဲ့ မအားလပ်မှုကြောင့် WayV ဟာ တစ်နှစ်ကျော်လာတဲ့အထိတိုင်အောင် အဖွဲ့တစ်ခုလုံးအနေနဲ့ သီချင်းအသစ်ထုတ်ဝေခဲ့တာမျိုး မရှိခဲ့ပါဘူး။ ၂၀၂၂ ခုနှစ် နှစ်လယ်လောက်အထိကို WayV အဖွဲ့ဝင် လေးယောက်သာ Korea Entertainment Industry မှာ လှုပ်ရှားမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ အဖွဲ့ဝင် Ten နဲ့ Win Win က တရုတ်မှာ ရိုက်ကူးရေးတွေရှိတာကြောင့်မို့ ကိုးရီးယားကို ပြန်မလာနိုင်ခဲ့ကြပါဘူး။ ဇွန်လလောက်မှာတော့ Ten က ကိုးရီးယားကို ပြန်လာခဲ့ပြီး Win Win ကလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ကိုးရီးယားကို ပြန်ရောက်လာခဲ့ပါပြီ။ ဒါ့အပြင် live တစ်ခုမှာ WayV အဖွဲ့ခေါင်းဆောင် Kun နဲ့အတူ Ten က album အသစ်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောကြားသွားတာမို့ သိပ်မကြာခင်မှာ WayV  ရဲ့ come back သတင်းကောင်းကို ကြားရတော့မှာပါ။ သို့ပေမယ့် SM Entertainment ကနေ အတိအလင်းမကြေညာသေးသရွေ့ ဒီတစ်ခေါက် come back မှာ အဖွဲ့ဝင် 6 ယောက်နဲ့ပဲလား 7 ယောက်လုံး လူစုံတက်စုံဖြစ်မလားဆိုတာကတော့ မသိနိုင်သေးတာမို့ fan တွေကလည်း ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။