3 နှစ်ကြာ သိမ်းထားပြီးနောက်မှာမှ ပရိသတ်တွေကို ချပြခဲ့တဲ့ Cardi B ရဲ့ “ Hot Shit “

13 July 2022
Kanye West နဲ့ Lil Durk တို့ featuring  အနေနဲ့ ပါဝင်ထားတဲ့ Cardi B ရဲ့ “ Hot Shit “ ဟာ July လ 1 ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာဆိုရင်တော့ ဒီသီချင်းဟာ အရင်က ထွက်ရှိထားတဲ့ “ WAP “ မတိုင်ခင်တည်းက ရှိနေခဲ့တာ ဖြစ်တယ်လို့Cardi B က ပြောပြထားပါတယ်။ 3 နှစ်ကြာ သိမ်းထားပြီးနောက်မှာမှ ပရိသတ်တွေကို ချပြခဲ့တဲ့  Cardi B ရဲ့ “ Hot Shit “ က သူမteam ရဲ့ အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်ပါလို့ သိရပါတယ်။
ဒီသီချင်းထွက်ရှိလာမယ့် အကြောင်းကိုတော့ BET AWARDS 2022 မှာ ကြေညာခဲ့တာပါ။ June 26 မှာတော့ Cardi က သူမရဲ့twitter စာမျက်နှာပေါ်မှာ သီချင်းရဲ့ preview နဲ့တကွ နောက်တစ်နေ့မှာ သူမ fan တွေ အတွက် surprise ရှိပါတယ်ဆိုပြီး  တင်ထားခဲ့ပါတယ်။ အဲ့ဒီ surprise ကတော့ “ Hot Shit “ သီချင်းရဲ့ cover art ဖြစ်ပါတယ်။