၇ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင် ငါးယောက်လုံးပါဝင်ထားတဲ့ Album ထွက်ရှိသွားမယ့် အမျိုးသမီး Kpop အဖွဲ့ Kara

၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ Kara က November လမှာ ကျရောက်မယ့် အဖွဲ့ရဲ့ ၁၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ special full length album ကို ထုတ်ဝေသွားမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Disband ဖြစ်သွားခဲ့ပေမယ့် Kara အဖွဲ့ဝင်တွေက အမြဲချစ်ချစ်ခင်ခင်ရှိခဲ့သလိုပဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၁၄ နှစ်ပြည့် Debut Anniversary တုန်းကလည်း အတူရှိနေကြပြီး အမှတ်တရနေ့လေးကို အတူ ဆင်နွှဲခဲ့ကြတာပါ။ ဒီနှစ်မှာတော့ Kara အဖွဲ့က သူတို့ရဲ့ ထူးခြားတဲ့နေ့လေးမှာ Album အသစ်ကို Fan တွေအတွက် လက်ဆောင်အဖြစ်နဲ့ ထုတ်ဝေသွားမှာဖြစ်ပါတယ်။ RBW Entertainment ကလည်း fan တွေအတွက် ၁၅ နှစ်ပြည့် Special album ထုတ်ဝေပေးချင်တဲ့ အဖွဲ့ဝင်တွေရဲ့ ဆန္ဒကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။