သမိုင်းအသစ်တွေ ဆက်လက်ရေးထိုးနေဆဲဖြစ်တဲ့ "Squid Game"

July 12 ရက်နေ့ မနက်ခင်းမှာ 2022 Emmy Awards ရဲ့ ဆန်ကာတင်စာရင်းတွေ ထွက်လာတော့ စံချိန်အသစ်တစ်ခုကြောင့် အနုပညာနယ်ပယ်မှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပါတယ်။ ဒီစံချိန်ကိုတင်နိုင်ခဲ့တဲ့ ဇာတ်ကားကတော့ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ ကိုးရီးယား ဇာတ်လမ်းတွဲ "Squid Game" ပဲဖြစ်ပါတယ်။ 
 
"Squid Game" ဟာဆိုရင် Emmy Awards သမိုင်းကြောင်း တစ်လျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဆန်ကာတင်စာရင်းထဲဝင်နိုင်ခဲ့တဲ့ English စကားပြောမဟုတ်တဲ့ ဇာတ်လမ်းတွဲဆိုတဲ့ စံချိန်အသစ်တစ်ခုကို မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။ Foreign show တစ်ခုအနေနဲ့ Emmy Awards မှာ ဆုပေါင်း (၁၄) ဆုစာ ဆန်ကာတင်စာရင်းဝင်နိုင်ခဲ့တာကတော့ အံ့အားသင့်ဖွယ်ရာပါပဲ။  
 
စတင်ထွက်ရှိလာတည်းက တစ်ကမ္ဘာလုံးရဲ့ တစ်ခဲနက်အားပေးမှုကို လက်ခံရရှိခဲ့တဲ့ "Squid Game" ဟာ လက်ရှိမှာ ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပါတယ်။ လာမယ့် 2022 Emmy Awards မှာရော ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အတိုင်း ဆုတွေဆွတ်ခူးနိုင်ဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ 
 
2022 Emmy Awards ကိုတော့ လာမယ့် September 12 ရက်နေ့မှာ Los Angeles မြို့မှာရှိတဲ့ Microsoft Theater မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။