ဒုတိယမြောက် mini album “ Girls “ နဲ့ ရောင်းအားအကောင်းဆုံး Kpop အမျိုးသမီး အနုပညာရှင်တွေ ဖြစ်လာတဲ့ Aespa

12 July 2022
July လ 8 ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Kpop အမျိုးသမီးအဖွဲ့ Aespa ရဲ့ ဒုတိယမြောက် mini album “ Girls  “ ဟာ သူတို့အဖွဲ့အတွက်အောင်မြင်မှုမှတ်တိုင် အသစ်တွေကို စိုက်ထူပေးနိုင်ခဲ့တဲ့ album တစ်ချပ်ဖြစ်လာပါတယ်။
Hanteo chart result တွေအရ “ Girls  “ ဟာ Hanteo ရဲ့ သမိုင်းတစ်လျှောက် Kpop အမျိုးသမီးအဖွဲ့ တွေကြား ရောင်းအားအကောင်းဆုံး album အဖြစ် July လ 10 ရက်နေ့မှာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ယနေ့ July လ 11 ရက်နေ့မှာတော့ Kpop အမျိုးသမီး အနုပညာရှင်တွေအကုန်လုံးထဲမှာပါ ရောင်းအားအကောင်းဆုံး album တစ်ချပ်ဖြစ်လာခဲ့ပါတယ်။ Kpop 4th generation မှာ pre-order sales အမြင့်ဆုံးရရှိထားခဲ့တဲ့ “ Girls  “  album ဟာ pre-order sales အမြင့်ဆုံး Top 20 စာရင်းမှာလည်း ပါဝင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အမျိုးသမီးအဖွဲ့ album တစ်ခုဖြစ်လာပါတယ်။
“ Girls  “ ရဲ့ အောင်မြင်မှုကတော့ ဒါတွေတင်မကသေးပါဘူး။ Girls MV ဟာ ၂၀၂၂ ခုနှစ်အတွက် youtube မှာ #1 trending သုံးရက်ဆက်တိုက်ဝင်ခဲ့တဲ့ SM ရဲ့ ပထမဆုံး music video ပါ။ SM ရဲ့  pre-order sales အမြင့်ဆုံး Top 10 ထဲမှာလည်း “ Girls  “ album က ဝင်ရောက်နေရာယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။