ကိုရီးယားနိုင်ငံမှာ လက်ရှိလူကြည့်အများဆုံး mini-series အဖြစ် ရပ်တည်နေတဲ့ Extraordinary Attorney Woo ကို US ကနေ ပြန်လည်ရိုက်ကူးဖို့ ကမ်းလှမ်းခံရ

"Extraordinary Attorney Woo" ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ဉာဏ်ရည်မြင့်မားပေမယ့် autism ရောဂါကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ အခက်တွေ့နေရတဲ့ ရှေ့နေမလေးတစ်ယောက်အကြောင်း ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 
 
ဒီဇာတ်ကားလေးမှာ Autism spectrum disorder (ASD) ကို ခံစားနေရတဲ့ ဝေဒနာရှင်တွေရဲ့ နေထိုင်မှုဘဝပုံစံတွေကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပြထားတာမို့ autism ဆိုတာကို မရင်းနှီးကြတဲ့ ပရိသတ်တွေအတွက်ပါ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ မသန်စွမ်းတဲ့သူတွေဆို လူအများက ဘယ်လိုဆက်ဆံကြသလဲဆိုတာကိုလည်း  သဘာဝကျကျပုံဖော်ထားလို့ လက်ရှိမှာလူကြိုက်များနေတဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ 
 
အပိုင်း (၁) စတင်ပြသခဲ့စဉ်က rating 0.1 ပဲ ရရှိခဲ့ရာက လက်ရှိ အပိုင်း (၅) အထိပြအပြီးမှာတော့ မူလ rating ရဲ့ ၁၀ဆ ဖြစ်တဲ့ 9.1 အထိ တစ်ဆင့်ချင်း ခုန်ကျော်တက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါက ENA channel ရဲ့ သမိုင်းတစ်လျှောက်မှာ အမြင့်ဆုံးရရှိခဲ့တဲ့ rating ပါ။ 
 
လက်ရှိလူကြိုက်များနေတဲ့ ဒီဇာတ်ကားလေးကို US-remake လုပ်ဖို့ ကမ်းလှမ်းထားခံရကြောင်း သိရပါတယ်။