Greeting with Tin Tin Mexican Restaurant, Gekko Japanese Restaurant, Union bar & Grill, Parami pizza(1), Parami Pizza(2)

အစားအသောက်ချစ်သူများအတွက် ဆန်းသစ်သည့်စားသောက်ဆိုင်များကို မိတ်ဆက်ပေးချင်ပါတယ်။Tin Tin Mexican Restaurant, Gekko Japanese Restaurant, Union bar & Grill, Parami pizza(1), Parami Pizza(2) တို့ဖြစ်ပါတယ်။ ထိုဆိုင်များကို ရန်ကုန်မြို့တွင်း၌သာ ပိုင်ရှင်တစ်ယောက်တည်းက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မတူညီသည့် အစားအသောက်အရသာများကို ရောင်းချပေးနေပါသည်။ ထိုထဲတွင်ဘိုကလေးဈေးလမ်းတွင်တည်ရှိသည့် Tin Tin Mexican restaurant ဆိုင်လေးကို မိတ်ဆက်ပေးချင်ပါတယ်။ မက္ကဆီကန်အစားအသောက်အရသာစစ်စစ်ကို မက္ကဆီကန်သွားစရာမလိုပဲခံစားနိုင်မည့် စားသောက်ဆိုင်ကောင်းကောင်းလေးတစ်နေရာပဲ ဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်က country စတိုင်ကိုသာအဓိကထားပြင်ဆင်ထားပြီး စိတ်လှုပ်ရှားဖွယ် unplugged ဂီတသီဆိုဖျော်ဖြေမှုများကိုလည်း အနီးကပ်ခံစားနိုင်မည်။ အစားအသောက်များ၏အရသာကို စားသုံးသူများအတွက်အရသာရှိရှိ မိမိပေး လိုက်ရသည့်ငွေကြေးထက်သာလွန်သည့်အရသာကို ခံစားနိုင်စေရန်နှင့် အချို့သောကုန်ကြမ်းများကို ပြည်တွင်းတွင်မရရှိနိုင်သောကြောင့် ကုန်ကြမ်းများ ကို ပြည်ပမှတင်သွင်းထားသည်။ စားသုံးသူများနေရာအခက်အခဲမရှိစေရန်နှင့် နေရာထိုင်းခင်းအတွက် အချိန်အကြာကြီးမစောင့်ဆိုင်းရစေရန် ကြိုတင်ဘိုကင်လုပ်နိုင်သည်။

စားသုံးသူများသည် ဒေသအသီးသီးနိုင်ငံအသီးသီးမှလာရောက်ကြသော်လည်း နိုင်ငံခြားသားများပိုမိုများသည်။ မက္ကဆီကန်အစားအစာက အစပ်အရသာ ကိုအဓိကထားသည့်အတွက် အစပ်ကြိုက်သူများကတော့ အတော့်ကိုအကြိုက်တွေ့စေမှာသေချာပါတယ်။ အစပ်အဟပ်များကလည်း မြန်မာတို့ခံတွင်းနှင့် လိုက်လို့ ခံတွင်းတွေ့စေနိုင်ပါတယ်။ ထိုဆိုင်တွင် မြန်မာစားသုံးသူများ အကြိုက်အများဆုံး မှာယူမှု အများဆုံးကတော့ Carne အမျိုးအစားများဖြစ်ပြီး ဥရောပနိုင်ငံသားများအစားအများဆုံးကတော့ Los Tacos အမျိုးအစားများဖြစ်ပြီး ဘယ်သူလာလာမမှာမဖြစ်မှာတာကတော့ Nachos Tin Tin ဖြစ်ပါတယ်။ ဆိုင်တွင်ဘားလည်းပါပြီးTequila ဖြင့်လုပ်သည့်ကော့တေးများ Magarita အရောင်းများပါတယ်။ ထို့ကြောင့်အသောက်ကြိုက်သူများလည်း အကြိုက်တွေ့မှာ အမှန်ပဲနော့။

Happy hours menu ၊ကြာသပတေးနေ့တွင် ၄ နာရီ ခွဲမှ ၁၀ နာရ်ီကြားတွင် Magarita buy one get one free စသည့် ပရိုမိုးရှင်းများလည်းရှိပါသည်။ ထိုဆိုင်တွင် ထူးထူးခြားခြားကွက်ကီးစားရသလို ခံစားနိုင်မည့် Mexican cookie cocktails နှင့် အစပ်အရသာရှိသည့် cocktails များလည်းရနိုင်သည်ဟုဆို။